နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များကို ပျိုးထောင်ပေးပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

နမ့်ခမ်း  မတ်  ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များ(Book Culb) အသင်းတို့က ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန် စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များကို ပျိုးထောင်ပေးပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမှ အသိပညာဗဟုသုတများ ရရှိစေရန်၊ စာပေဖတ်ရှု လေ့လာမှု တိုးပွားလာစေရန်နှင့် စာအုပ်များအပေါ် စိတ်ပါဝင်စားမှု ရရှိစေ ရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးညီမောင်ဘဦးက ရှင်းလင်းပြောကြားပြီး စာရေးဆရာ နတ်သျှင် (ရွှေဂူ)မှ ရေးသားထုတ်ဝေသည့် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်တွင်ပါရှိသည့် " သေမင်းနဲ့ မိတ်ဆွေဖွဲ့သူများ" အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဝန်ထမ်းများနှင့် စာပေဝါသနာရှင်(Book Club)အသင်းများက  စာအုပ်ပါ "စာဖတ်ခြင်း အတက်ပညာ"၊"လူငယ်နှင့်အချိန်၏ တန်ဖိုး"နှင့် စသည့် စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။

နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအား အသိပညာဗဟုသုတ ရရှိတိုးပွားစေရန်အတွက် စာဖတ်ဝိုင်းများ ကျင်းပသည့်အပြင် စာအုပ်စာပေနှင့် ရင်းနှီးမှုရရှိစေရန်  ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်ငှားရမ်းပေးခြင်း၊ အသိပညာပေး နံရံကပ်စာစောင်၊ နံကပ်ဓာတ်ပုံ ခင်းကျင်းပြသခြင်းနှင့်စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)