အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ပြည်သူများနေအိမ်ပြင်ပထွက်တိုင်း (Mask)မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး (Mask Camapaign)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန့်မှုဖြင့် ပြည်သူများရောဂါကူးစက်မှုမခံရစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်တွင် လူစည်ကားရာနေရာဖြစ်သော ရွှေဆံတော်လမ်းဆုံ၊ ကျွန်းတောလမ်းဆုံ လွတ်လပ်ရေးကျောက်တိုင် မီးပွိုင့်လမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ကျောင်းသူ (၃၉၀) ဦး ဝင်ရောက်ဖြေဆို မည်ဖြစ်ကြောင်း သိရသည်။
Mar 08,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် သားသတ်နှင့်အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ စျေးပြိုင်စနစ်ဖြင့် လေလံရောင်းချခြင်း အခမ်းအနားကို မြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
Mar 08,2022
ကချင်ပြည်နယ်အတွင်း မြန်မာ - တရုတ် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဥပဒေနှင့်အညီ စစ်ဆေးကြပ်မတ်၍ စည်းကမ်းတကျဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက် အမှာစကား ပြောကြားသည်။
Mar 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့ မွန်လွဲပိုင်းအချိန်က ကျင်းပသည်။
Mar 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိကျေးရွာအုပ်စုများမှ ဆောင်းသီးနှံ စိုက်ပျိုးသည့် တောင်သူများသည် ယခုနှစ်တွင် စားသုံးဆီနေကြာအပါအဝင် အခြားဆီထွက် သီးနှံ(၁၉၄၅) ဧကကို မြေအမျိုးအစားပေါ်မူတည်၍ ခွဲခြားစိုက်ပျိုးထားရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 08,2022
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနက၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းအရလူထုပျိုးပင်များကို မြို့မပျိုးဥယျာဉ်တွင် (ပျိုးပင် ပေါင်း၄၀၅၀၀ )ပျိုးထောင်းထားရှိကြောင်း သိရသည်။
Mar 08,2022
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်းမဖြစ်မ‌နေ တပ်ဆင် စေရန် Mask Campaign ဆောင်ရွက်ခြင်းကို နေ့စဉ် နံနက်ပိုင်း၌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။