ဗဟန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန် မတ် ၈

နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသော ဦးတည်ချက်ငါးရပ်တွင်ပါဝင်သည့် မဲစာရင်းများ စစ်ဆေးခြင်း၊ လုပ်ငန်းအောင်မြင် ပြီးမြောက်ပြီးဖြစ်သောကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက် ရှိသောလွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန် အတွက် မြို့နယ်ကော်မရှင်ရုံးတွင် ဆောင်ရွက်လျက်ရှိသော အခြေခံလူဦးရေစာရင်း ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများကပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ယနေ့ မွန်လွဲပိုင်းက ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ရေတာရှည်လမ်းသစ်၊ ရွှေဟင်္သာကျောင်းတိုက်သို့ရောက်ရှိပြီး အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျောက်ထားသူများကို သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန်အတည်ပြု လက်ခံဆောင်ရွက်ပေးမှုများ၊ လိုအပ်ချက်များ ဖြည့်ဆည်းမှုများကို ဆောင်ရွက်ပေးခဲ့သည်။

ဗဟန်းမြို့နယ်တွင် ရပ်ကွက်ပေါင်း (၂၂) ရပ်ကွက်ရှိသည့်အတွက်၊ မြို့နယ်ဌာနဆိုင်ရာများအား ပေါင်းစပ်ညှိနှိုင်း ၍ ရွေးကောက်ပွဲတွင်အသုံးပြုမည့်၊ မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်မှု လုပ်ငန်းများ အမြန်ပြီးမြောက်အောင်မြင် ရေးအတွက် မြို့နယ်ရှိရပ်ကွက်များခွဲကာ၊ သက်ဆိုင်ရာဌာနများက၊ ဌာနဆိုင်ရာများနှင့် ပူပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)