ကျောက်ဆည်မြို့နယ်တွင် ဆောင်းနေကြာသီးနှံ (၅၇၇၀)ဧက စိုက်ပျိုးနိုင်

ကျောက်ဆည် မတ် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျံစေရေးအတွက် ဆီထွက်သီးနှံများစိုက်ပျိုးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းနေကြာသီးနှံ (၅၇၇၀)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆောင်းနေကြာစိုက်ခင်းများကို တိုက်နယ်()တွင်(၆၄၇)ဧက၊ တိုက်နယ်()တွင်(၃၇၆)ဧက၊ တိုက်နယ် ()တွင် (၄၄၅)ဧက၊ တိုက်နယ်()တွင်(၁၈၁)ဧက၊ တိုက်နယ်()တွင်(၁၅၀)ဧက၊ တိုက်နယ်()တွင် (၁၈၃၆)ဧက၊ တိုက်နယ်(၉)တွင်(၂၆၂)ဧက၊ တိုက်နယ်(၁၀)တွင်(၆၀၈)ဧက၊ တိုက်နယ်(၁၁) တွင် (၄၄၆)ဧက၊ တိုက်နယ်(၁၂)တွင်(၈၁၉)ဧက စုစုပေါင်း(၅၇၇၀)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် တိုက်နယ် ()နှင့်တိုက်နယ်() တို့တွင် စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် နည်းပညာများ စနစ်တကျ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)