မိုးမောက် မတ် ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆေးထိုး နှံခြင်းမရှိသေးသူများ၊ ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများအား ကျေးရွာအရောက် ကိုဗစ်−၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို မတ် ၈ ရက် နံနက် ၉ နာရီတွင် တာလီကျေးရွာနှင့် ဂွယ်ကထောင်ကျေးရွာတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံပေးရာတွင် မိုးမောက်မြို့နယ် ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာစံလင်း ဦးဆောင်၍ မြို့နယ်ကျန်းမာရေးမှူးအဆင့် ၁ ဦးစန်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန် ချက်များနှင့် အညီ ကျန်းမာရေးစစ်ဆေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စနစ်တကျ မှတ်တမ်းတင်ရေးသွင်းခြင်းများ ပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းနှင့် အပြင်ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ အိမ်ပြန်ရောက်ပါက လက်ကို ဆပ်ပြာဖြင့် မိနစ်(၂၀)ကြာ ဆေးကြောရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေကြရန်နှင့် Covid-19 မျိုးရိုးဗီဇပြောင်း Omicron (အိုမီခရွန်) ကြိုတင်တားဆီး ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)