နွေစပါးအထွက်နှုန်း တိုးတက်မြင့်မားရေး တောင်သူများနှင့်တွေ့ဆုံ

ပေါင်   မတ်   ၈

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ နွေစပါးအထွက်နူန်း တိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို မတ်လ ယနေ့နံနက် (၉)နာရီက ဖြူဘကျေးရွာ၌ ကွင်းဆင်းဆွေးနွေး စည်းရုံး ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချူပ်ရေးမှုး ဦးသိုက်ထွန်း၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှုး၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှုးနှင့် ကတိုက်ဆည်တာဝန်ခံတို့က တက်ရောက် ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှုးမှ နွေစပါးအထွက်နူန်း မြင့်မားရေးအတွက် အကျိုးတူတောင်သူ (၇)ဦးနှင့် ပူးပေါင်း ဆောင်ရွက်ထားသော ဖြူဘကျေးရွာ ကွင်းအမှတ် (၇၇၁)စံပြဧက(၅၀)သို့ ကွင်းဆင်းပြီး နွေစပါးတစ်ဧက(၁၂၀)ထွက်ရှိရေးဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပေါင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးထားသော ကတိုက်ဆည်ရေသောက် ဧရိယာ ကျေးရွာများ ဖြစ်သော ပန်းကုန်းကျေးရွာ၊ ကတွန်ကျေးရွာ၊ ဖြူဘကျေးရွာ၊ ရင်းငြိမ်တောင်ကျေးရွ၊ ရင်းငြိမ်မြောက် ကျေးရွာ၊ ရွာတန်းရှည်ကျေးရွာများမှ တောင်သူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်ဇာစိုး