အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျုံတိုင်းကလေးကျေးရွာ၌ မတ်လ ၅ ရက် ည ၁၁ နာရီခွဲ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ် (၃၈)လုံး၏ ပျက်စီး သွားသော အိမ်နေရာများအား ယနေ့နံနက်ပိုင်းက သွားရောက်ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့သည်။
Mar 08,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး မတ်လ(၈) ရက်နေ့၊ နံနက်ပိုင်းက ကာကွယ်ဆေးမထိုးနှံရသေးသည့် အများပြည်သူများအား အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆက်လက်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 08,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်နှင့် ကျွဲပွဲမြို့အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များဦးဆောင်ပြီး ပူပြင်းခြောက် သွေ့သောနွေ​ရာသီ ရောက်လာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး သတိပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ညပိုင်းက အုတ်တွင်းမြို့ပေါ်၊ ရပ်ကွက်များနှင့် ကျွဲပွဲမြို့ပေါ်ရပ်ကွက်များအတွင်းသို့ မီးသတ်မော်တော်ယာဉ် သုံးဘီးဆိုင်ကယ်များဖြင့် လှည့်လည်နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 08,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း‌ အစည်းအ‌ဝေး(၁/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက အမှာစကားပြောကြားပြီး သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
Mar 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြိုနယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက်ထွေ/ အုပ်၊ စည်ပင်၊ ပြန်/ဆက်နှင့်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရှိဈေးရောင်းဈေးဝယ်၊ ခရီးသွားများ အသွားအလာများသော ပန်ခြံထောင့်တွင်ယနေ့နံနက် ၁၀:၂ဝ နာရီအချိန်က နာခေါင်းစည်းMask တပ်ဆင်သွားလာခြင်းမရှိသူများကို အသိပညာပေးခြင်းနှာခေါင်းစည်Mask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 08,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုအန္တရာယ် လျှော့နည်းစေရန် ရည်ရွယ်ပြီး မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Showအစီအစဉ်ကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ပါသည်။
Mar 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင် ယနေ့နံနက်(၉)နာရီခွဲက အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပသည်။
Mar 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်နည်း သရုပ်ပြပွဲကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁) ရပ်ကွက်၊ မြို့မ​စျေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။