သနပ်ပင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၃၇၅)ဦး ဝင်ရောက်ဖြေဆို

သနပ်ပင်  မတ် ၈

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၇၅)ဦးတို့ ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

သနပ်ပင်မြို့နယ်အတွင်း ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (သနပ်ပင်)၊ အ.ထ.က (ကမာစဲ)  စာစစ်ဌာန (၂)ခု တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာစစ်ဌာန (၂)ခုတွင်  ကျောင်းတွင်း ဖြေဆိုသူ(၃၀၀)ဦး၊ ‌ပြင်ပ ‌ဖြေဆိုသူ (၇၅)ဦး ရှိပြီး  အတွဲ(၁)၊ အတွဲ(၂)၊ အတွဲ(၅)၊ အတွဲ(၇)၊  အတွဲ(၈) ဘာသာရပ်များကို ကျောင်းတွင်းနှင့် ပြင်ပဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၇၅ )ဦး ရှိကြောင်း အဆိုပါစာမေးပွဲအား မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

လှမိုး(ပြန်/ဆက်)