ပေါင် မတ် ၈
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေး ဆောင်ရွက်မှုများကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး တို့က ဦးဆောင်ပြီးအဖွဲ့ သုံးဖွဲ့ခွဲ၍ ပေါင်မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးပြင်ဆင်ထားရှိမှု၊ စည်းကမ်းလိုက်နာမှု၊ အကောင်းဆုံးဆောင်ရွက်နိုင်မှု ကျောင်းများကို အသေးစိတ်ကြည့်ရှု စစ်ဆေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီရေး ပြင်ဆင်ထားရှိမှု၊ စည်းကမ်းလိုက်နာမှု အကောင်းဆုံး ဆောင်ရွက်နိုင်မှု အထက်တန်း (၁)ကျောင်း၊ အလယ်တန်း(၁)ကျောင်း၊ မူလတန်း(၁)ကျောင်းကို ဆုများအသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဇာစိုး