ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများ ဆက်လက်ထိုးနှံပေးလျက်ရှိနေ

ထန်းတပင်(ရန်ကုန်) မတ် ၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး မတ်လ(၈) ရက်နေ့၊ နံနက်ပိုင်းက ကာကွယ်ဆေးမထိုးနှံရသေးသည့် အများပြည်သူများအား အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆက်လက်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးတည်အုပ်စုများအလိုက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ် စုများတွင် စုရပ်နေရာများခွဲကာ ထိုးနှံပေးခြင်းဖြစ်သလို အမှတ် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ အမှတ်(၄) ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူ (၁၈၇)ဦးနှင့် အမှတ်(၂)ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူ (၁၃၄)ဦး စုစုပေါင်း ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၃၁၉) ဦး ထိရှိကြောင်းလည်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့်ဆောင်ရွက်လျက်ရှိသလို ကာကွယ်ဆေးထိုးနှံပေးရာတွင်လည်း ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ် ဆေးကို ထိုးနှံပေးလျက်ရှိကြောင်းသိရပြီး ကာကွယ်ဆေးထိုးနှံနေမှုများကိုလည်း အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၄)ရပ် ကွက် အုပ်ချုပ်ရေးအဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)