ပန်းတနော်မြို့နယ်တွင် မီးလောင်မှုကြောင့် ပျက်စီးသွားသော အိမ်နေရာများအား ရှင်းလင်း

ပန်းတနော် မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျုံတိုင်းကလေးကျေးရွာ၌ မတ်လ ၅ ရက် ည ၁၁ နာရီခွဲ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ် (၃၈)လုံး၏ ပျက်စီး သွားသော အိမ်နေရာများအား ယနေ့နံနက်ပိုင်းက သွားရောက်ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သော အိမ်နေရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊  မီးသတ်တပ်ဖွဲ့ဝင် များနှင့် လူမှုရေး ပရဟိတအသင်းအဖွဲ့များ စုပေါင်း၍ လူအင်အား(၂၅၁) ဦးတို့မှ သွားရောက် ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က မီးဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားကာ ပြန်လည် ထူထောင်ရေး ကိစ္စရပ်များ၊ ပေါင်းစပ်ဆောင်ရွက်ပေးမည့်အစီအစဉ်များအား ဆွေနွေးခဲ့ကြပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်( ပြန်/ ဆက်)