မိုင်းတုံ မတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြိုနယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက်ထွေ/ အုပ်၊ စည်ပင်၊ ပြန်/ဆက်နှင့်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရှိဈေးရောင်းဈေးဝယ်၊ ခရီးသွားများ အသွားအလာများသော ပန်ခြံထောင့်တွင်ယနေ့နံနက် ၁၀:၂ဝ နာရီအချိန်က နာခေါင်းစည်းMask တပ်ဆင်သွားလာခြင်းမရှိသူများကို အသိပညာပေးခြင်းနှာခေါင်းစည်Mask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်းနှင့် နှာခေါင်းစည် Maskများဖြန့်ဝေပေးခြင်းသည် ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုးကို မိမိတို့ကိုယ်တိုင် ကာကွယ်တက်စေရန်နှင့် လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် ပူးပေါင်းပါဝင်ဆောင် ရွက်တက်သည့်အလေ့အထရှိစေရန်၊ နေအိမ်အပြင် သို့မဖြစ်မ နေသွာလာရပါက နှာခေါင်းစည် Mask တပ်ဆင်သွားလာစေရန် အသိပညာပေးပြီးနှာခေါင်းစည် Mask များ ကိုအခမဲ့ဖြန့်ဝေပေးခဲ့ရာတွင် စုစုပေါင်း Maskအခုရေ (၃၆၀)ခုဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)