ဒိုက်ဦးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေး မီးသရုပ်ပြခြင်း ဆောင်ရွက်

ဒိုက်ဦး မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်နည်း သရုပ်ပြပွဲကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁) ရပ်ကွက်၊ မြို့မ​စျေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးသရုပ်ပြသခြင်းနှင့် အသိပညာပေး လုပ်ငန်း များဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်း​​​မြင့်၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ပြီး မီးလောင်မှုဖြစ်ပေါ်ပါကလျင်မြန်စွာ မီးငြိမ်းသတ်နိုင်ရေးနှင့် မီးငြိမ်းသတ်သည့် နည်းလမ်းများ စနစ်တကျရှိစေရေး၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံတို့ကို လက်တွေ့သရုပ်ပြ ရှင်းလင်းပြသခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများကို ဆောင်ရွက်ထားရှိရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုမီးသတ်ဦးစီးမှူးဦးချမ်းမြေ့ထွန်း နှင့်တပ်ဖွဲ့ဝင်များမှအသိပညာပေး သရုပ်ပြသခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)