ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်

ကြံခင်း မတ် ၈

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုအန္တရာယ် လျှော့နည်းစေရန် ရည်ရွယ်ပြီး မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Showအစီအစဉ်ကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်က မိတ်ဆက်စကားပြောကြားပြီး၊ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။

ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်မှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနည်းလမ်းများ၊  ပြည်သူများ မိမိနေထိုင်ရာပတ်ဝန်းကျင် သန့်ရှင်းရေး၊  မီးဘေး အန္တရာယ် ကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိကြရန်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ သင့်(၄)သင့်၊ မြန်(၃)မြန်ဖြင့်ထားရှိဆောင်ရွက်ချက်များအားလည်းကောင်း၊ ကျောင်းများ၊ ရုံးများ၊ ဈေးနှင့်လူနေအိမ်များအားကွင်းဆင်းအသိပညာပေးခြင်း မီးလောင်မှု လျှော့နည်းစေရေး စစ်ဆေးဆောင်ရွက်မှုများ၊  မီးလောင်မှုဖြစ်ပွားလျှင် ဆက်သွယ်ဆောင်ရွက်ရမည့် အချက်များ၊ ရပ်ကွက်/ ကျေးရွာများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ညစဉ်မီးဘေးအန္တရာယ် အသိပေး နှိုးဆော်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ   ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် မီးလောင်မှု လျှော့နည်းမည်ဖြစ်ကြောင်း မီးသုံးစွဲပြီးပါက စနစ်တကျ ငြိမ်းသတ်ကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မိုးမိုး(ကြံခင်း ပြန်/ဆက်)