လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

လယ်ဝေး  မတ်  ၈ 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင် ယနေ့နံနက်(၉)နာရီခွဲက အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ် ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လယ်ဝေးမြို့နယ်၊ အ.ထ.က(ကံသာ)မှ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၁၇)ဦး တို့က တပေါင်းလရာသီ အကြောင်း ခေါင်းစဉ်(၃)ခုကို မဲနှိုက်ကာ ကျရာခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ကြ သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ပထမဆုရရှိသည့် ဆလိုင်းအိမ်ဦးမောင်၊ ဒုတိယဆု ရရှိသည့် မဇင်ဇင်ထက်၊ တတိယဆုရရှိသည့် မသဥ္ဇာမှူးဝေနှင့် နှစ်သိမ့်ဆုများ ရရှိသည့် မောင်သီဟစည်သူနှင့် မောင်ရဲအောင်တို့အား မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်၊ အ.ထ.က (ကံသာ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူမြင့်နှင့် ဆရာ၊ဆရာမများက ဆုများကို ပေးအပ်ချီးမြှင့် ခဲ့ကြပြီး ပြိုင်ပွဲဝင်ကလေးငယ်များအား မုန့်များပေးဝေခဲ့ကြကြောင်း သိရသည်။

နေဇော်ချစ်မြို့နယ်(ပြန်/ဆက်)