အုတ်တွင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

အုတ်တွင်း   မတ်    

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်နှင့် ကျွဲပွဲမြို့အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များဦးဆောင်ပြီး ပူပြင်းခြောက် သွေ့သောနွေ​ရာသီ ရောက်လာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး သတိပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ညပိုင်းက အုတ်တွင်းမြို့ပေါ်၊ ရပ်ကွက်များနှင့် ကျွဲပွဲမြို့ပေါ်ရပ်ကွက်များအတွင်းသို့ မီးသတ်မော်တော်ယာဉ် သုံးဘီးဆိုင်ကယ်များဖြင့် လှည့်လည်နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသတိပေးနှိုးဆောင်ရာတွင် လျှပ်စစ်မီးများသုံးစွဲရာတွင် ခံနိုင်ဝန်ထက်ပိုမိုအသုံးမပြုရေး၊ ထမင်းဟင်းများချက်ပြုတ်ရာ၌ မီးသတိပြုဆောင်ရွက်ရမည့်အချက်များ၊ ဟောင်းနွမ်းသော လျှပ်စစ်ဝါယာမီးကြိုးများ အသစ်လဲလှယ်အသုံးပြုရေး၊ လျှပ်စစ်အသုံးပြုရာတွင် သတိထားရမည့်အချက်များ၊ ဆေးလိပ်သောက်ရာတွင် သတိပြုဆင်ခြင်သင့်သည့်အချက်များ၊ ဖယောင်းတိုင်နှင့် လောင်စာဆီအသုံးပြုရာတွင် သတိပြုသင့်သည့်အချက်များနှင့် နေ့စဉ်မီးဖိုအသုံးပြုစျေးရောင်းချသူများနှင့် အမှိုက်မီးရှို့ရာတွင်လိုက်နာရမည့်အချက်များ၊ တတ်နိုင်ပါက မီးသတ်ဆေးဘူးများထားရှိစေရေး စသည့်အချက်များ ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်သွားကြရန် သတိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)