အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက်၁၈နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူများအား အိန္ဒိယနိုင်ငံထုတ် (Covishield) ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းနှင့် ကိုယ်၀န်ဆောင်နို့တိုက်မိခင်များအား (Sinopharm) ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 08,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် (TalkShow) ဆွေးနွေးပွဲ ကျင်းပ​​ပြုလုပ်ခဲ့သည်။
Mar 08,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများနှင့် ပတ်သက်၍ အသိပညာပေး (TalkShow)ကို Community Centre ခန်းမ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နေ့လည်(၁၁:၃၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 08,2022
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကျေးလက်နေ ပြည်သူများလယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေး ပြည့်မီသည့် သီးနှံများစိုက်ပျိုးနိုင်ရန်အတွက် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ၊ ခရိုင်အဆင့် တာဝန်ခံများနှင့် ကျေးလက်နေ တောင်သူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရွှေဟင်္သါ) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Mar 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းတိမ်မြောက်ရပ်ကွက်ရှိ စိုးပိုင် ဆီစက်မှ ထုတ်လုပ်ရောင်းချနေသော စားသုံးဆီများ ထုတ်လု်ပရောင်းချနေမှုအခြေအနေနှင့် လုပ်ငန်းလိုင်စင်မှတ်ပုံတင်ထားမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဆီစက်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 08,2022
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ရရှိခံစားနိုင်ရေးအတွက် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ လမ်းညွှန်ကြားချက်များနှင့်အညီ ယမန်နေ့ နံနက် ၉ နာရီက သရက်ချောင်းမြို့နယ်၊ ကျန်းမာရေဦးစီးဌာနတွင် သားဖွားဆရာမ ဒေါ်သင်ဇာသိန်းဝင်းနှင့် ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
Mar 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံးအတိုင်း အတာဖြင့် ဆီထွက်သီးနှံနေကြာကို ဧက ပေါင်း ၂၈၃ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။