အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်သူများ လျှပ်စစ်ဓာတ် အားချွေတာသုံးစွဲနိုင်မည့်နည်းလမ်းများ အသိပညာပေးပိုစတာများ စိုက်ထူခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လူစည်ကားရာ နေရာ၊ လမ်းဆုံ၊ လမ်းခွများ၌ ပြသဆောင်ရွက်ကြကြောင်း သိရသည်။
Mar 08,2022
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ မီးသတိပြု သုံးစွဲနိုင်စေရန်နှင့် မီးလောင်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်(၈) နာရီအချိန်က အင်းစိန် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
Mar 08,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယမန်နေ့တွင် ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ် ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူ ၉၆ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
Mar 08,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စု ရန်ပုံငွေကျပ် ၁၃၆ ဒသမ ၀၀၈ သန်း ဖြင့်May Tech Tonic ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ကော့သောင်းမြို့နယ်၊ ချန်းဖမ်း-ဟတ်စဒင်း ကျေးရွာချင်းဆက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင် ကျောက်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Mar 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက်၂၀၂၁ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆီထွက်သီးနှံ နေကြာကိုတိုးချဲ့စိုက်ပျိုး နိုင်ခဲ့ရာ ဆီဖူလုံမှုရာခိုင်နှုန်းတိုးမြင့်လာကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
Mar 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့မှ စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂၉)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း  သိရသည်။
Mar 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွှဲ ၂နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)နှင့် အ.ထ.က(၂)ကျောင်းတွင်ပြု လုပ်ခဲ့ကြ သည်။
Mar 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကိုသက်သာလျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သက်ဆိုင်ရာစုရပ်များအလိုက် ထိုးနှံပေးလျက်ရှိသည်။