Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ဘုရားပြိုကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်နေမှ…
Mar 07,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့နံနက်ပိုင်းက မကွေးမြို့နယ် ဘုရားပြိုကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မကွေး မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များ ကွင်းဆင်းဆောင်ရွက် ပေးနေမှုနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိ စစ်ဆေးခြင်းနှင့် အထိုင်ချစနစ်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်
Mar 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပလောက်မြို့၊ တံတားထိပ်ရှိ ထားဝယ်-မြိတ်ကား လမ်းမကြီး၌ ဖြတ်သန်း သွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များမှ လူမျိုး၊
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် ဆင်မတောင်ကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင် ရာရောက် လိုက်လံထိုးနှံပေး
Mar 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီတို့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၉ နာရီခွဲ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၀၄၂)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 07,2022
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၀၄၂)ဦး ဝင်ရောက်ဖြေဆို သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်၌ ပြည်သူများအား အိုမီခရွန်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာ ပေးကြေညာခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
Mar 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်၌လတ်တလောတွင် အိုမီခရွန်ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာသဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက မြို့ပေါ်ရပ်ကွက်များတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒေသခံပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးလိုက်နာရန် အသိပေးကြေညာခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်အကြောင်းနှင့် ကာကွယ်ဆေးထိုးနှံကြရန် ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်
Mar 07,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက် များနှင့် အိုမီခရွန် ကူးစက်မြန်ရောဂါအကြောင်းနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ပေးခြင်းနှင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်…
Mar 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခြင်းနှင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီအချိန်က စျေးတန်းရပ်ကွက် မိုးကောင်းဓမ္မာရုံတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ဝေသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေ
Mar 07,2022
ယနေ့မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု လျော့နည်းပပျောက်စေရေး ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာကွယ်ပေးနိုင်ရေး နှင့်ကလေးငယ်များ သည် အန္တရာယ်ရှိသော လုပ်ငန်းခွင်မှ လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ကောင်းမွန်သော အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာ ကျောင်းများတက်ရောက်နိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ဒေါနမြေ လက်ကမ်းစာစောင်များအား စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18493
Page
18494
Page
18495
Page
18496
Current page
18497
Page
18498
Page
18499
Page
18500
Page
18501
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department