ပလောက်မြို့၊ လူစည်ကားရာနေရာများ၌ ပြည်သူများ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများ အသိပညာပေး ပိုစတာများစိုက်ထူ

ပလောက်   မတ်    ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်သူများ လျှပ်စစ်ဓာတ် အားချွေတာသုံးစွဲနိုင်မည့်နည်းလမ်းများ အသိပညာပေးပိုစတာများ စိုက်ထူခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လူစည်ကားရာ နေရာ၊ လမ်းဆုံ၊ လမ်းခွများ၌ ပြသဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးပိုစတာများ စိုက်ထူဆောင်ရွက်ရာတွင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားအသုံး ပြုရာတွင် သိရှိလိုက်နာရမည့်အချက်များဖြစ်သော မီးပူတိုက်နေစဉ် တစ်ခုခု လုပ်ရန် ခေတ္တထသွားပါက၊ မီးပူခလုပ်ကိုပိတ်ခဲ့ခြင်း၊ ရိုးရိုးမီးလုံး၊ မီးချောင်းထက် Energy Saving Lamp ကိုရွေးချယ်အသုံးပြုရန်၊ လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အချိန်ပြည့် ပန်ကာကို ဆက်တိုက်ဖွင့် ထားခြင်းမပြုလုပ်ရန်၊ အမှန်တကယ်ကြည့်မည့်အချိန်၌သာ တီဗွီကိုဖွင့်ပါ၊ ကြည့်သူမရှိဘဲ အချိန်ပြည့် ဖွင့်ထားခြင်းကို မပြုလုပ်ရန်၊ အိမ်အပြင်တွင် ထွန်းထားသောမီးများကို နေ့အလင်းရောင်ရရှိချိန်တွင် မီးပိတ်ထာခြင်းကို ဆောင်ရွက်ရန် စသောလျှပ်စစ်ဓာတ် အားချွေတာသုံးစွဲနိုင်မည့်နည်းလမ်းများ အသိပညာပေးပြသဆောင်ရွက်ထားပြီး၊ အဆိုပါ အသိပညာပေးပြဘုတ်များကို ပလောက်မြို့ မြို့နယ်လျှပ်စစ်မှူးမှဦးစီး၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများနှင့် (PTC)ဖိုးသီးချိုလျှပ်စစ် ဝန်ဆောင်မှု ဝန်ထမ်းများပူးပေါင်းပြီး လူစည်ကားရာနေရာများ၌ ပိုစတာများစိုက်ထူခဲ့ကြောင်းသိရသည်။

နှင်းမြူလွင်