Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်(Mask) စနစ်တကျ တပ်ဆင်သွားလာစေရေး ကြီးကြပ်ဆောင်ရွက်
Mar 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်းမရှိသူများအား မြို့နယ်ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက Mask တပ်ဆင်သွားလာကြစေရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးပစ္စည်းများ မြို့နယ် အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများသို့ ဆက်လက်လှူဒါန်း…
Mar 08,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့လှူဒါန်းသော ကိုဗစ်-၁၉ ဗီဇပြောင်း (အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသုံးပြုရန် Mask၊ Hand Sanitizer၊ Face Shield လက်အိတ်တို့အား ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန် ရှိသူများက လူမှုရေးအသင်း အဖွဲ့များ၊ အခြေခံပညာကျောင်းများသို့ ယနေ့နံနက်က ဆက်လက် လှူဒါန်းပေးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ဆောင်ရွက်
Mar 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးစမှအသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအတွက် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၉ နာရီက ရွှေတောင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၂၉၈ ဦး ဝင်ရောက်ဖြေဆိုမည်
Mar 08,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို လာမည့်မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၉၈ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသက် ၁၈ နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 08,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးတို့ကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိခဲ့သည့် အသက် ၁၈ နှစ်အထက်ရှိ မြို့နယ်နေပြည်သူများအား ယနေ့နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းကျောင်းတိုက် ဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်
Mar 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးခြင်းဆိုင်ရာ အသိပ ညာပေးနံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အများပြည်သူ ကြည့်ရှုသိရှိနိုင်စေရန် ပြသထားကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း
Mar 08,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း ၍ ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်၉နာရီခွဲက မယ်စဲ့မြို့ သိရိမင်္ဂလာရတနာသုခ(မြို့မ) ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-6 second dose နှင့် Phase-7 first dose ထိုးနှံခြင်းများ ဆောင်ရွက်
Mar 08,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် အသက် ၁၈ နှစ်အထက်နှင့် ဘိုးဘွားများ၊ ပြည်သူများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ သံဃာတော်များနှင့် စည်ပင်ဈေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ထမ်းများအား ကိုဗစ်-၁၉ကာကွယ်ဆေး Phase-6 second dose၊နှင့် Phase-7 first dose ထိုးနှံခြင်းကို ယနေ့ နံနက်(၉း၀၀) နာရီအချိန်မှစတင်ကာ အ-ထ-က(၄) အလုံ သီရိရတနာခန်းမနှင့် စောရန်ပိုင်အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာတို့တွင် ထိုးနှံဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18495
Page
18496
Page
18497
Page
18498
Current page
18499
Page
18500
Page
18501
Page
18502
Page
18503
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department