Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်မဲမြို့နယ်၊ စည်ပင်သာယာရေးဌာနတွင် အရပ်ရပ် အခွင့်အရေးလိုင်စင်များနှင့် သားသတ်လိုင်စင်များသက်တမ်းတိုးခြင်း၊ ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းများဆောင်ရွက်…
Mar 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ စည်ပင်သာယာရေးဌာနခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျောက်မဲမြို့နယ်(မိုင်းငေါ့မြို့၊ မိုင်းလုံမြို့အပါအဝင်) စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ၊ သားသတ်လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးခြင်း/ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျေးလက်နေ ပြည်သူများကို ဆေးထိုးအဖွဲ့ (၉)ဖွဲ့ဖြင့် ကွင်းဆင်း ထိုးနှံပေး
Mar 08,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေး အတွက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျေးလက်နေ ပြည်သူများကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးအဖွဲ့(၉)ဖွဲ့ဖြင့် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားကျောင်းသူ ၁၁၁၅ ဦး ဝင်ရောက်ဖြေဆိုမည်
Mar 08,2022
မကွေးတိုင်းဒေကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အတွင်းဖြေ ၅၆၂ ဉီးနှင့် အပြင်ဖြေ ၅၅၃ ဉီး စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၁၁၅ ဉီး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၅၇) ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္ဓပါလစာပွဲတော် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားနှင့် ရေစက်ချတရားတော်နာယူခြင်း အခမ်းအနားကျင်းပ
Mar 08,2022
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် (၅၇) ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္ဓပါလစာပွဲတော် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားနှင့် ရေစက်ချ တရားတော်နာယူခြင်း အခမ်းအနားကို ယနေ့နံနက် (၇) နာရီအချိန်မှစ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြိုင်ပွဲများကျင်းပပြုလုပ်
Mar 08,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Mar 08,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းမျာကို မတ်လ(၈)ရက်၊နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက တစ်ပတ်လျှင်(၄)ကြိမ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံခရိုင်၌ သတင်းရေးသားတည်းဖြတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Mar 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် စသည့်လုပ်ငန်းတာဝန် ၃ ရပ်၏ အဓိကအရေးပါသည့် သတင်းပညာနှင့်ပတ်သက်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းအမှန်ပြန် ကြားခြင်းများ၊ ပြည်သူ့ရေးရာနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ ဒေသတွင်းသတင်း ပြန်ကြားခြင်းလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀း၀၀) နာရီက ကျိုင်းတုံခရိုင်၊ Comm unity Centre ခန်းမတွင် သတင်းရေးသားတည်းဖြတ်ခြင်း ဆိုင်ရာဆွေးနွေးပွဲအား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းပြားမြို့မဈေး သန့်ရှင်းသာယာလှပရေး၊ ဌာနဆိုင်ရာနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆွေးနွေးပွဲ ကျင်းပ
Mar 08,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ မင်းပြား မြို့မဈေး သန့်ရှင်းသာယာလှပရေး အတွက် ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18501
Page
18502
Page
18503
Page
18504
Current page
18505
Page
18506
Page
18507
Page
18508
Page
18509
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department