အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊  မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၇ ရက်က နမ့်မန်းကျေးရွာ၌ ကိုဗစ်ကာကွယ်ဆေး အဌမအသုတ် (ပထမအကြိမ်) ထိုးနှံခြင်းနှင့် မြို့နယ်ခန်းမနှင့် ပြည်သူ့ဆေးရုံတို့၌ ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းအများ ပြည်သူအဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက်(၀၈:၀၀)နာရီ အချိန်၌ အမှတ်(၇)ရပ် ကွက်ဆိပ်ကမ်းသာလမ်းနှင့်အနော်ရထာလမ်းတို့တွင် မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်းမှ ဆန်နှင့်ဆီများကိုဈေးနှုန်းသက်သာ စွာရောင်းချပေးလျက်ရှိရာ ဆန်ချော (၅)ပြည် (၁အိတ်) (၈၅၀၀ကျပ်)ဆီ(၅၀)ကျပ်သား (၁ဘူး)လျှင် (၂၃၀၀ကျပ်) နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Mar 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့တွင်းလမ်းများ အဆင့်မြင့်ကောင်းမွန်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေပေါ်မူတည်၍ ဆောင်ရွက်ပေးလျက်ရှိရာ  အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာစျေး စျေးပတ်လမ်း ကတ္တရာထပ် ပိုးလွှာခင်းနေမှုကို မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Mar 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်စေရန်နှင့် ရောဂါပိုးကူးစက် ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါသည်။
Mar 08,2022
ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး COVISHIELD ပထမအကြိမ်ထိုးနှံပြီးသူများကို မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ်အားကစားခန်းမတွင် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 08,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်ခန့်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
Mar 08,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်ရှိ တာမွေ (ယာယီ)စျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mar 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးနှင့် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ မူလတန်းအဆင့်  လှုပ်လှုပ်ရှားရှား အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၁နာရီက ကျင်းပခဲ့ကြောင်း  သိရသည်။