ဟိုပုံးမြို့နယ်၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်

ဟိုပုံး    မတ်  

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွှဲ ၂နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)နှင့် အ.ထ.က(၂)ကျောင်းတွင်ပြု လုပ်ခဲ့ကြ သည်။

ရှေးဦးစွာ ဟိုပုံးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးဝင်းခိုင်ဦးမှ အမှာစကားပြောကြားရာတွင် အားကစားဆိုသည်မှာ အင်အားနှင့် ဉာဏ်ရည်ကိုအသုံးပြုရသည့် အားကစားနည်းဖြစ်ပါကြောင်း၊  ကျောင်းသား/သူများအတွက် အားကစားနည်းပညာဗဟုတရရှိရန် အတွက် ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အားကစားခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား ပြီးနောက် ကျောင်းသား/သူများအတွက် ဘောလုံး၊ ဘော်လီဘော၊ basketball၊ ပိုက်ကျော်ခြင်း၊ အားကစားပစ္စည်းများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူး က မူးယစ်ဆေးဝါးအန္တရာယ်များကို  အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဟိုပုံးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးဝင်းခိုင်ဦးက အားကစားများအား ထောက်ပံ့ပေးအပ်ရာ အခြေခံပညာအထက်ကျောင်း အ.ထ.က(၁)နှင့် အ.ထ.က (၂)ဆရာ၊ ဆရာမများက လက်ခံရယူခဲ့ကြကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)