အုတ်ဖို မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက်၂၀၂၁ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆီထွက်သီးနှံ နေကြာကိုတိုးချဲ့စိုက်ပျိုး နိုင်ခဲ့ရာ ဆီဖူလုံမှုရာခိုင်နှုန်းတိုးမြင့်လာကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
အုတ်ဖိုမြို့နယ်တွင် ယခင်က ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံအဖြစ် မြေပဲနှင့် နှမ်းကိုသာ စိုက်ပျိုးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ စီစဉ်ညွှန်ကြားမှုဖြင့် ၂၀၂၁ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့တင်း(၁၀၀)အား တောင်သူများထံ အခမဲ့ဖြန့်ဝေ ပေးခဲ့ရာ မြို့နယ်အတွင်း နေကြာသီးနှံစိုက်ပျိုးနိုင်သော မြေအမျိုးအစားများတွင် တောင်သူ(၁၉၇)ဦးမှ နေကြာသီးသန့်စိုက်ပျိုးဧက(၄၀)ဧကနှင့် ပဲစိုက်ခင်းများအတွင်း သီးညှပ်စိုက်ပျိုး ဧက(၁၃၆၀)ဧက စုစုပေါင်း နေကြာစိုက်ပျိုးဧက (၁၄၀၀)အထိ စိုက်ပျိုးနိုင်ခဲ့ရာ အောင်မြင်ဖြစ်ထွန်းခဲ့ကြောင်းလာမည့် ဆောင်းသီးနှံ စိုက်ရာသီတွင်လည်း မျိုးကောင်းမျိုးသန့် ပြန်လည်အသုံးပြုစိုက်ပျိုးနိုင်ရန် မျိုးသန့်ဖြန့်ဝေ နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခြားဆီထွက် သီးနှံများဖြစ်တဲ့ မြေပဲ (၂၁၅၇၆) ဧက၊ နှမ်း(၂၁၉၂)ဧကတို့ကိုလည်း စိုက်ပျိုးနိုင်ခဲ့ကြောင်း လာမည့်ရာသီမှာလဲ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ဖို့ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက လျာထားဆောင်ရွက်လျက်ရှိကြောင်းနှင့် အုတ်ဖိုမြို့နယ်တွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ယခင်နှစ်ကဆီဖူလုံမှုအတိုင်းအတာ (၃၄.၁၃)ရာခိုင်နှုန်းသာရှိခဲ့ပြီး ယခုနှစ်တွင် (၃၆.၆၅)ရာခိုင်နှုန်းအထိ ဆီဖူလုံမှုရရှိလာနိုင်တာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းထံမှ သိရသည်။
အောင်သူ(အုတ်ဖို)