နမ့်ခမ်း မတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့မှ စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂၉)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်းတွင် အခြေခံပညာအထက် တန်းကျောင်း(၅)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၂)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်း စုစုပေါင်း ကျောင်း(၈)ကျောင်းတို့မှ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများအား ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနိုင်ရန်အတွက် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနက် ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား(၁၄)ဦးနှင့် ကျောင်းသူ(၃၂)ဦး စုစုပေါင်း (၄၆)ဦးနှင့် ကျောင်းပြင်ပဖြေဆိုမည့် ကျောင်းသား(၂၆)ဦးနှင့် ကျောင်းသူ(၅၇)ဦး စုစုပေါင်း(၈၃)ဦးရှိရာ ကျောင်းတွင်းနှင့် ကျောင်းပြင်ပဖြေဆိုမည့် ကျောင်းသား /ကျောင်းသူ စုစုပေါင်း(၁၂၉)ဦးရှိကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)