ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ကာကွယ်ဆေး (၂)ကြိမ်ပြည့် ထိုးနှံပြီးသူများအား ထပ်ဆောင်းအကြိမ်ထိုးနှံပေး

ပေါက်ခေါင်း မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကိုသက်သာလျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သက်ဆိုင်ရာစုရပ်များအလိုက် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိအကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိသည့် အသက်၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများကိုလည်း ကာကွယ်ဆေးရရှိမှုပေါ်မူတည်၍ ထိုးနှံပေးလျက်ရှိသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ပေါက်ခေါင်းမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(၂) ကြိမ်ပြည့်ထိုးနှံပြီးသူ အသက် ၄၀ နှစ်အထက်ပြည်သူများကို ထပ်ဆောင်းကာကွယ်ဆေး Boosterdoses ကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အိန္ဒိယနိုင်ငံထုတ် (Covaxin) အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို ပြည်သူ(၇၃၀)ဦးအား လမ်းညွှန်ချက်များနှင့် အညီထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)