ကျောက်တံတားမြို့နယ်အတွင်း အများပြည်သူအဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်စေရန် Mobile ဈေးကားများဖြင့် လှည့်လည်ရောင်းချ

ကျောက်တံတား မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းအများ ပြည်သူအဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက်(၀၈:၀၀)နာရီ အချိန်၌ အမှတ်(၇)ရပ် ကွက်ဆိပ်ကမ်းသာလမ်းနှင့်အနော်ရထာလမ်းတို့တွင် မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်းမှ ဆန်နှင့်ဆီများကိုဈေးနှုန်းသက်သာ စွာရောင်းချပေးလျက်ရှိရာ ဆန်ချော (၅)ပြည် (၁အိတ်) (၈၅၀၀ကျပ်)ဆီ(၅၀)ကျပ်သား (၁ဘူး)လျှင် (၂၃၀၀ကျပ်) နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချရာတွင်မြို့နယ်အ‌‌ထွေထွေအုပ်ချုပ်ရေးမှုးဦးမြင့်စိန်မှ အနီးကပ်ကြီးကြပ်ပြီး မြို့နယ်စည်ပင်ဝန်ထမ်းများမှ ဈေးဝယ်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)