ဒေးဒရဲမြို့ Community Centre ခန်းမတွင် လှုပ်လှုပ်ရှားရှား အားကစားပြိုင်ပွဲများ ကျင်းပ

ဒေးဒရဲ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးနှင့် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ မူလတန်းအဆင့်  လှုပ်လှုပ်ရှားရှား အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၁နာရီက ကျင်းပခဲ့ကြောင်း  သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ  အနေဖြင့် အားလပ်ချိန်များကို   အကျိုးရှိစွာ အသုံးချတတ်စေရန်၊  ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊    စာကြည့်တိုက်ကို  အသုံးပြုတတ်စေရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက် တတ်စေရန် ပြိုင်ပွဲများကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီးနောက် အခြေခံပညာမူလတန်း(မြို့မ)ကျောင်းက ကျောင်းသား၊ ကျောင်းသူလေးများက  အိပ်စွပ်ခုန်၊ ပူပေါင်းဖောက်၊ ဖားခုန်၊ ပူပေါင်းသယ် ပြိုင်ပွဲများကို ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ  တာဝန် ရှိသူများက ဆုရရှိသူများအား အမှတ်တရ လက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)