ပိုင်ကျုံမြို့ ဒေါ်လန်းကျေးရွာအုပ်စု ဒေါ်လန်းတိုက်ကျောင်း၌ Covishield (First Dose) ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံ

ပိုင်ကျုံ  မတ်  ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်စေရန်နှင့် ရောဂါပိုးကူးစက် ပြန့်ပွားမှုကို  လျော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါသည်။

ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေး သော မြို့နှင့်အလှမ်းဝေးသော ကျေးရွာများသို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်၍ ကွင်းဆင်းထိုးနှံ‌ပေးခဲ့ပြီး ယမန်နေ့က ဒေါ်လန်းကျေးရွာအုပ်စု ဒေါ်လန်းတိုက်ကျောင်း၌ ဒုတိယအကြိမ် ဆက်လက် ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒေါ်လန်းကျေးရွာသို့ ပထမအကြိမ် ကွင်းဆင်းထိုးနှံပေးရာတွင် လူဦး‌ရေ(၃၇၄)ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ယခုဒုတိယအကြိမ်တွင် လူဦးရေ(၁၀၂)ဦးအား ဆက်လက်ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရပါသည်။

စောဂျိုးဇက်ဂျူး