တန့်ယန်းမြို့နယ်တွင် မြို့တွင်းလမ်းများကောင်းမွန်စေရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်

တန့်ယန်း  မတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့တွင်းလမ်းများ အဆင့်မြင့်ကောင်းမွန်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေပေါ်မူတည်၍ ဆောင်ရွက်ပေးလျက်ရှိရာ  အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာစျေး စျေးပတ်လမ်း ကတ္တရာထပ် ပိုးလွှာခင်းနေမှုကို မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါလမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က လမ်းအရည်အသွေးစံချိန်စံညွှန်း သတ်မှတ် ချက်နှင့်အညီ အစဉ်အမြဲကောင်းမွန်နေစေရန်အတွက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းနှင့် လမ်းအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် ၁၀ ဒဿမ ၈ သန်းဖြင့် အရှည်(၄၅၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၉)လက်မအား ကတ္တရာ ထပ်ပိုးလွှာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။ 

မင်းလွင်ဦး(ပြန်/ဆက်)