တွံတေးမြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်

တွံတေး မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံ​တေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးခြင်းဆိုင်ရာ အသိပ ညာပေးနံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အများပြည်သူ ကြည့်ရှုသိရှိနိုင်စေရန် ပြသထားကြောင်း သိရှိရသည်။

လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်တွင် လူကုန်ကူးမှုပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှု၏ လုပ်ငန်းစဉ်(၃) ဆင့်၊ လူကုန်ကူးမှု ဖြစ်ပွားစေသော အဓိကအကြောင်းများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးခံရခြင်းကြောင့်ရရှိလာသော ဆိုးကျိုးများ၊ လူကုန်ကူးသူများ အသုံးပြုသော နည်းလမ်းများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်စေသော ဆိုးကျိုးများနှင့် လူကုန်ကူးမှု သံသယရှိပါက ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များပါ ပြသထားကြောင်းသိရှိရသည်။ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ပါဝင်သည့် နံရံကပ်စာစောင်များအား ပြသထားကြောင်း သိရသည်။

တွံတေးသား