မယ်စဲ့ မတ် ၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း ၍ ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်၉နာရီခွဲက မယ်စဲ့မြို့ သိရိမင်္ဂလာရတနာသုခ(မြို့မ) ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအ နားကိုဖွင့်လှစ်ပြီး မြို့မကျောင်းဆရာတော် ဦးဩဇေယျထံမှ ငါးပါးသီလခံဆောက်တည်ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကျော်သန်း၊ အဖွဲ့ဝင်ဗိုလ်မှူး အောင်ခိုင်စိုး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မယ်စဲ့မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းမှ သံဃာတော်အရှင်သူမြတ်များ ကိုဗစ်ကာလ ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် ဆွမ်းဆန် စိမ်း၊ ဆီ၊ ဆား၊ ဆေးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွက်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)