အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်(Mask) စနစ်တကျ တပ်ဆင်သွားလာစေရေး ကြီးကြပ်ဆောင်ရွက်

အုတ်ဖို   မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်းမရှိသူများအား မြို့နယ်ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက Mask တပ်ဆင်သွားလာကြစေရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အိုးသည်ကုန်းမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များက စျေးအတွင်းနှင့် လူစည်ကားရာနေရာများတွင် Mask တပ်ဆင်းထားခြင်းမရှိသူများအား Mask စနစ်တကျတပ်ဆင် သွား လာစေရေး၊ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အသိအမှတ်ပြုကပ်ပြားများနှင့် စျေးဆိုင်များအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချစေရေး သတိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)