ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၂၉၈ ဦး ဝင်ရောက်ဖြေဆိုမည်

ဆိပ်ကြီးခနောင်တို မတ် ၈

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို လာမည့်မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၉၈ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဆိပ်ကြီးခနောင်တို မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာနအဖြစ် ခနောင်တို အရှေ့ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း( အထက- ခနောင်တို)အား သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျောင်းဖြေ ၁၆၁ ဦးနှင့် ပြင်ပဖြေ ၁၃၇ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၉၈ ဦးတို့မှ သက်ဆိုင်ရာဘာသာတွဲအလိုက် ဝင်ရောက်ဖြေဆိုသွားမည် ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာမြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများမှလည်း မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ(IPRD)