ရွှေတောင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် တစ်နှစ်ခွဲအောက်က​လေးငယ်များအား ပုံမှန်ကာကွယ်​ဆေးထိုး ဆေးတိုက်ဆောင်ရွက်

ရွှေတောင် မတ် ၈

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ​ရွှေတောင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးစမှအသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအတွက် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၉ နာရီက ရွှေတောင်မြို့နယ်မိခင်နှင့်က​လေးစောင့်ရှောက်​ရေးဌာနမှဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ကာကွယ်ဆေး မထိုးရသေးသော ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက်ကလေးငယ်များ နီးစပ်ရာကျေးရွာအုပ်စု  ကျန်းမာရေးဌာနခွဲများတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများ ထိုးပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနဌာနခွဲများတွင် မတ်လအတွင်း စတင်ထိုးနှံပေးသွားရန် စီစဉ်ထားရှိကြောင်းနှင့် ထိုးနှံပေးမည့် အစီအစဉ်များကို ရပ်ကွက် နှင့် ကျေးရွာဆေးထိုးစုရပ်များတွင် လစဉ်ပုံမှန်ကာကွယ်ဆေးများ ကျေးရွာများအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ  သိရသည်။

မြို့နယ် (ပြန်/ဆက်)