အလုံ မတ် ၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် အသက် ၁၈ နှစ်အထက်နှင့် ဘိုးဘွားများ၊ ပြည်သူများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ သံဃာတော်များနှင့် စည်ပင်ဈေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ထမ်းများအား ကိုဗစ်-၁၉ကာကွယ်ဆေး Phase-6 second dose၊နှင့် Phase-7 first dose ထိုးနှံခြင်းကို ယနေ့ နံနက်(၉း၀၀) နာရီအချိန်မှစတင်ကာ အ-ထ-က(၄) အလုံ သီရိရတနာခန်းမနှင့် စောရန်ပိုင်အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာတို့တွင် ထိုးနှံဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင် ရွက်ပေးပြီးမှ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်တွင် Phase-6 second dose (၂၃၈၃၂)ဦးနှင့် Phase-7 first dose (၂၅၀၆၁) ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးပြီဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ရပ်ကွက်အလိုက် သက်ဆိုင်ရာနေရာများတွင် သတ်မှတ်နေ့ရက်များအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တင်တင်ချို(ပြန်/ဆက်)