မြန်အောင် မတ် ၈
မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့လှူဒါန်းသော ကိုဗစ်-၁၉ ဗီဇပြောင်း (အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသုံးပြုရန် Mask၊ Hand Sanitizer၊ Face Shield လက်အိတ်တို့အား ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန် ရှိသူများက လူမှုရေးအသင်း အဖွဲ့များ၊ အခြေခံပညာကျောင်းများသို့ ယနေ့နံနက်က ဆက်လက် လှူဒါန်းပေးခဲ့ ကြောင်းသိရသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထောက်ပံ့လှူဒါန်းသော Mask၊ Hand Sanitizer၊ လက်အိတ်နှင့် Face Shield တို့ကို ယမန်နေ့က အ.မ.က ကျောင်းရှစ်ကျောင်း၊ အ.ထ.က(ခွဲ) တစ်ကျောင်းနှင့် အ.ထ.က တစ်ကျောင်း တို့အား ခွဲဝေလှူဒါန်းပေးခဲ့ပြီး ယနေ့ဆက်လက်၍ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ ပါရမီလူမှုကူညီရေးအသင်း၊ နာရေးကူညီမှု အသင်းနှင့် အ.မ.က ကျောင်းနှစ်ကျောင်းတို့ကို ထပ်မံလှူဒါန်းခဲ့ကြောင်း မြို့နယ်ကြက် ခြေနီတပ်ဖွဲ့မှူးထံမှ သိရသည်။
လှူဒါန်းရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မြင့်၊ ဒုတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက လူမှုရေးအသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများသို့ သွား ရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ်