ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသက် ၁၈ နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဆိပ်ကြီးခနောင်တို မတ် ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးတို့ကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိခဲ့သည့် အသက် ၁၈ နှစ်အထက်ရှိ မြို့နယ်နေပြည်သူများအား ယနေ့နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းကျောင်းတိုက် ဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက်ရှိသည့် မြို့နယ်‌နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELD ကို  ပထမအကြိမ်ထိုးနှံမည့်သူနှင့် ဒုတိယ အကြိမ်ထိုးနှံမည့်သူ နှစ်သုတ်ခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်‌ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ(IPRD)