တမူးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ပေးခြင်းနှင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တမူး မတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခြင်းနှင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီအချိန်က စျေးတန်းရပ်ကွက် မိုးကောင်းဓမ္မာရုံတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ရပ်ကွက်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသောသူများ၊ ပျောက်ဆုံး ပျက်စီးသူများ၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် အသက်(၁၈)နှစ်ပြီး ကိုဗစ်ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးသော သူများ၊ ပထမအကြိမ် ထိုးနှံပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးမည့်သူများအား ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးစည်းကမ်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက် ပေးနေမှုများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေနေများအား တမူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ကြည့်ရှု အားပေးခဲ့သည်။

တမူးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းနှင့် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် အလှည့်ကျ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကြီး