ရန်ကုန် မတ် ၇
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၀၄၂)ဦး ဝင်ရောက်ဖြေဆို သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်း သူ(၅၆၇) ဦးနှင့် ပြင်ပမှဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၄၇၅) ဦး၊ စုစုပေါင်း (၁၀၄၂)ဦးတို့က စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများတင်ထားပြီး ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မတ်လ(၃၁)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၂)ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ