တွံတေး မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်၌လတ်တလောတွင် အိုမီခရွန်ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာသဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက မြို့ပေါ်ရပ်ကွက်များတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒေသခံပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးလိုက်နာရန် အသိပေးကြေညာခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း လူစည်ကားရာနေရာများဖြစ်သည့်စျေးရှေ့ ၊လမ်းဆုံလမ်းခွများ၊ ကားဂိတ်များ၊ စာသင်ကျောင်းရှေ့တို့တွင် အိုမီခရွန်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့်ဆောင်ရန်/ ရှောင်ရန်အချက် များအားပြည်သူများ သိရှိလိုက်နာစေရန်လှည့်လည်အသိ ပေးကြေငြာခြင်းအပြင်၊ မဖြစ်မနေ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ရေးအတွက်(Mask)များ ပြည်သူတို့၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တွံတေးသား