ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိ စစ်ဆေးခြင်းနှင့် အထိုင်ချစနစ်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်

ပလောက် မတ် ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပလောက်မြို့၊ တံတားထိပ်ရှိ ထားဝယ်-မြိတ်ကား လမ်းမကြီး၌ ဖြတ်သန်း သွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များမှ လူမျိုး၊ ဘာသာမရွေး ခရီးသွားလာသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလက်မှတ် ရှိ/မရှိစစ် ဆေးခြင်းနှင့် ကာကွယ်ဆေးမထိုးနှံ ရသေးသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က အမှတ်(၁) ရပ်ကွက်၊ တံတားထိပ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ် ရေးမှူး ဦးဟိန်းမင်းအောင်နှင့် ဝန်ထမ်းများ၊ ပလောက်နယ်မြေရဲစခန်း၊ ပလောက် ဆေးတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင် ရာဌာနများမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိသူများကိုသာ ဖြတ်သန်း သွားလာခွင့်ပြုကြောင်းနှင့် ကာကွယ်ဆေး မထိုးနှံရသေးသော ခရီးသွားပြည်သူများကို အထိုင်ချစနစ်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်