စုကလိ မတ် ၇
ယနေ့မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု လျော့နည်းပပျောက်စေရေး ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာကွယ်ပေးနိုင်ရေး နှင့်ကလေးငယ်များ သည် အန္တရာယ်ရှိသော လုပ်ငန်းခွင်မှ လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ကောင်းမွန်သော အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာ ကျောင်းများတက်ရောက်နိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ဒေါနမြေ လက်ကမ်းစာစောင်များအား စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ပါသည်။
ထိုအသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားများ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အသက် အရွယ်၊ ကိုဗစ်-၁၉ ကာလ ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး အကြောင်း၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်၊ ကလေးအလုပ်သမားများ ပပျောက်ရေးရည်မှန်းချက် (၃)ရပ်တို့ကို အများပြည်သူ စိတ်ပါဝင်စားစွာ ဖတ်ရှု့နိုင်စေ သောအကြောင်းအရာများ ပါဝင်ပါသည်။
အဆိုပါ လက်ကမ်းစာစောင်အား စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ မြို့နေပြည်သူများအား လည်းကောင်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ပိုပိုအောင်