ဆင်ပေါင်ဝဲ မတ် ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီတို့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၉ နာရီခွဲ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ ဦးဆောင်သော ဌာနဆိုင်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများမှ ဆင်မတောင်ကျေးရွာအတွင်းရှိ ကျေးရွာနေ မိဘပြည်သူများအား ကျေးရွာအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် ယခုလို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျေးရွာအရောက် ကွင်းဆင်း ထိုးနှံပေးတဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိပြီး ဆင်ပေါင်ဝဲမြို့နယ်ရှ ိကျေးရွာများသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများ ပူးပေါင်းအဖွဲ့တို့က ကျေးရွာများရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့်
နေအိမ်များသို့ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)