အမြို့မြို့အနယ်နယ်သတင်းများ

Feb 02,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ ၃ နာရီက ရုံးတက်လမ်းမှ မြို့မကျောင်းကြီးလမ်းတစ်လျောက်၌ ကျင်းပခဲ့သည်။
Feb 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့မရပ်ကွက် မြို့မကျောင်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Feb 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ကြီးမှူး ကျင်းပသော မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သော နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီ အချိန်က မြို့တော်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 02,2022
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် စတင်ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။
Feb 02,2022
ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့တွင် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် ၆ ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းရှိ ဒိုဘီကုန်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀:၃၀ နာရီအချိန်က ကျင်းပြပြုလု်ပခဲ့သည်။
Feb 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများပူပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Feb 02,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဌာနဆိုင်ရာနှင့် ကျေးရွာအုပ်စုများ စုပေါင်း၍ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။