ကျောက်ဆည်မြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်းကားသိုက်မြိုက်စွာကျင်းပ

ကျောက်ဆည် ဖေဖော်ဝါရီ  ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများပူပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆွမ်းဆန်းစိမ်းလောင်လှူဒါန်းရာတွင် သီရိသသနာ့ဓမ္မာရုံရှေ့၊ အ့ထ.က(၁)ရှေ့၊ စုပေါင်းရုံး၊ ကြက်မင်းတွန်မီးပွိုင့်၊ ဧရာဝတီဘဏ်ရှေ့၊ စစ်မှုထမ်းဟောင်းရုံးရှေ့၊ လက်ပြတိုင်မီးပွိုင့်၊ ဒေါ်သိုက်ကြီးကွေ့၊ ဘောဂဝတီတံတား၊ ရွှေဖောင်ဒေးရှင်းခန်းမ၊ ဘုရားကိုးဆူအနီး၊ မြဘုရင်သိကြားဂိုထောင်ရှေ့၊ ရဲစုရပ်ကွက်၊ တံတားလည်ရပ်ကွက်၊ အေးသာယာအဝင်လမ်းထိပ်နေရာ(၁၂)နေရာတွင် မဏ္ဍပ်များဖြင့် ဆွမ်းဆန်စိမ်းများလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ(၄၈)ဌာနနှင့် စက်ရုံအလုပ်ရုံများ၊ စေတနာ ရှင်ပြည်သူများက စုပေါင်းလှူဒါန်းခဲ့ကြောင်းနှင့် လှူဒါန်းငွေနှင့် ပစ္စည်းတန်ဖိုးမှာ စုစုပေါင်းငွေကျပ်(၇၈၈၈၀၀၀/-) ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)