အမြို့မြို့အနယ်နယ်သတင်းများ

Feb 02,2022
နိုင်ငံတော်အစိုးရအနေဖြင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်၍ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ပန်းခင်းစီမံချက်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိရာ ပုသိမ်ကြီးမြို့နယ်အနေဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ် ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၁ ရက်၊ နေ့လည် ၁၂နာရီအချိန်က ပုသိမ်ကြီးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 02,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်း အမှတ် သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည့်အခမ်းအနားကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
Feb 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်‌နေ့နံနက်ပိုင်းတွင် ၎င်းတိုရုံး၌ တောင်ဆေးလိပ်၊ ပင်တိန်ကျေးရွာအုပ်စုရှိ ကြံစိုက်ပျိုးသည့် တောင်သူ (၅၈)ဦးအား မိုးကြို ကြံချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Feb 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုအကြိုမြို့နယ်အုပ်ချုပ်ရေး မှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းမှစ၍ မိုင်းရယ်မြို့၊ မြို့နယ်ဘောလုံးကွင်းတွင် စတင် ယှဉ်ပြိုင်နေပြီဖြစ်ကြောင်း သိရသည်။
Feb 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က တိုးချဲ့ရန် နိုင်အေးရပ်ကွက်ရှိ အဆိုပါရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 02,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကြက်သွန်ခင်း(၁) ရပ်ကွက်၊ သရဖီလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀:၃၀)အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Feb 02,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယမန် နေ့ နေ့လည် (၁) နာရီအချိန်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Feb 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၅)ရပ်ကွက်၊ ၅လမ်းထိပ်မှ ရေလဲလမ်းအထိ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။