မြောင်းမြမြို့တွင် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒိုဘီကုန်းတံတားသစ်ဖွင့်လှစ်

မြောင်းမြ ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းရှိ ဒိုဘီကုန်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀:၃၀ နာရီအချိန်က ကျင်းပြပြုလု်ပခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက တံတားနှင့် ပတ်သက် သည်များကို ရှင်းလင်းတင်ပြပါသည်။  ထို့နောက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ တံတားကို တာဝန်ယူ တည်ဆောက်သည့် မင်းယုကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး မော်ကွန်းတင်ကမ္ဗည်း ကျောက်စာအား အမွှေးနံ့သာများဖြင့်ပက်ဖျန်းပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့်ဧည်သည်များမှ တံတားအား ကြည့်ရှု စစ်ဆေးပြီးနောက် အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ ပါသည်။

ဒိုဘီကုန်းတံတားသစ်ကို မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ပြီး မင်းယုကုမ္ပဏီမှ တင်ဒါ အောင်မြင်၍ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ရာ တံတားအတိုင်းအတာမှာ အရှည် ၇၀ပေ၊ အကျယ် ၂၆ ပေ၊  RC ( Bored Pile) အမျိုးအစား တံတားဖြစ်ပါသည်။ တင်ဒါ အောင်မြင်ငွေ ၁၁၈.၅၄၈ သန်းဖြစ်ပြီး တံတားစတင်တည်ဆောက်သည့်နေ့မှာ ၁၅--၂၀၂၁ ရက်နေ့ဖြစ်ပြီး --၂၀၂၁ ရက်နေ့တွင် တံတားတည်ဆောက်ပြီးစီးကြောင်း မြို့နယ်စည်ပင် သာယာရေး အဖွဲ့ထံမှ သိရပါသည်။

 

မြောင်းမြခရိုင်(ပြန်/ဆက်)