အမြို့မြို့အနယ်နယ်သတင်းများ

Feb 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြည်သူ့အားကစားကွင်းအတွင်းတွင် ယနေ့မန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ ‌ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲ ၁၂ မျိုး ကျင်းပပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။
Feb 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ခုနှစ်၊ (၆)လဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အမှတ်(၁)ရပ်ကွက်ရှိ ဘုရားပတ်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၉နာရီက အဆိုပါလမ်း၌ ပြုလုပ်ခဲ့သည်။
Feb 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား ဌာနပေါင်းစုံ အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
Feb 02,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများမှ ပူးပေါင်း၍ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန် မြို့တစ်ပတ် စည်းကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။
Feb 02,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့်အထိမ်းအမှတ် မလိခဥယျာဉ်ပန်းခြံဖွင့်လှစ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည်။
Feb 02,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ် ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား သရက်မြို့နယ် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 02,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင်၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရွှေကျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကုတင်(၁၀၀) ဆေးရုံလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ကျင်းပ ခဲ့သည်။